Wednesday, April 6, 2016

မော်ဒန် ရည်းစားစာ
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..
မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..
ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..
ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..
ဂေါ်ဖီတွေ စားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..
ရုပ်တည်နဲ့ မုန့်တီထိုင်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..
ကိုယ်ဟာ..
ရုပ်ကလပ်က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ်က မျောက်ကုတ်..
ပုံစံက ဒုံးပျံနေပေမယ့်
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..
ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..
မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် လေသေနတ်နဲ့ကို အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..

ပြန်စာ
အကြောင်းမညီညွတ်ပေမယ့် နင်ပေးတဲ့စာကိုကျော်စားဖို့ဆီမရှိဘူးဖြစ်နေတယ်ကွယ်
ငါ့ကိုချစ်ချင်ရင်အုန်ခြစ်မလိုပါဘူး နင့်သွားဒီလောက်ခေါတာကို
ကောက်ညှင်းဆန်တင်ဈေးကြီးတာမဟုတ်ဘူးဆိုတာ
နင်ပြန်လာရင်သိမှာပါ အဲဒီတော့ နင်ပေါင်းစေချင်ရင်
ငါ့ပါသာပဲပုတ်မှောက်ပြီးပဲပေါင်းပါတော့မယ်
ရေငုပ်ကျွမ်းတာမဟုတ်ပါဘူးဟာ ရေငုတ်သဘောင်္ထဲရောက်နေတာပါ
အ၀တ်တွေခြောက်ပြီဆိုရင်မီးပူပါတစ်ခါထဲတိုက်လိုက်နော်
ငါကပြောင်းဖူးရောင်းမှတော့ နင်ကပြောင်းဖူးမစိုက်ဘဲ ဘာစိုက်မှာတုန်းဟ
ငပိစားရင်သွားကိုက်တယ် ဂေါ်ဖီစားရင်အအေးပတ်တယ်
အဲဒီတော့သရက်ပင်ပဲစိုက်စားတော့မယ်
သောက်ရုပ်ကမျောက်ရုပ်ပေါက်မှာပေါ့ လူကမျောက်ကနေ ဆင်းသက်လာတာလေ နင်မေ့နေပြီလား
အသည်းနှလုံးကချစ်တတ်ဖို့မလိုဘူး
ကောင်းကောင်းအလုပ်လုပ်နိုင်ဘို့ပဲလိုပါတယ်
ဘာလို့လဲဆိုတော့ ငါ့မှာနင့်ကိုဆေးရုံပို့ဖို့ပိုက်ဆံမရှိဘူး
ခတ်စရာလက်ဖက်ခြောက်တော့မရှိဘူးနင့်ကိုပဲ ခတ်လိုက်တော့မယ်
အော်ဆီမရှိပါဘူးဆိုစာကိုပြန်ကျော်ခိုင်းနေပြန်ပြီ
လေသေနတ်မှာကြည်ဆံပါလားစစ်လိုက်အုံး
ဒါဗြဲ
Copy
Nyeinchan thu

News Feed

စိတ်ပျက် ကြေကွဲနေချိန်မှာ ပြုံးပါ.....
လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။
* အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။
* စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။
* နယ်ပယ်တစ်ခုမှာ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။
* မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။
ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။
* လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစုသို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။
* လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။
* တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။
* တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။ ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။
* ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။
* ငွေများလေ သူခိုး၊ဓားပြရန်ကို ကြောက်လေ၊ အိမ်ကြီးလေ ထိန်းသိမ်းလှဲကျင်းရမှာ ကြောက်လေ
* များများစားတဲ့လူက ဝမှာကြောက်တယ်။ ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။
* ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?
အားလုံးသိပြီးဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့ ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင် စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။
ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။
* ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့ ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။ ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?
* လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။
* ကုတင်အလုံးတစ်ရာ ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။
* ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ သင်စီးလို့ရမယ်။
* ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင် သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?
* လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။
* ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ ကွာခြားပါတယ်။
* တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက် ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။
* သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။
* နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊ ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။
* တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။
* ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။
* လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။ လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။ (၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ (၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။ တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။ အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက ဆုံးရှုံးတော့မှာမဟုတ်ဘူး။
ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။
လူ့ဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။
Copy
nyeinchan thu

#‎ဒီကမ္ဘာကြီးထဲမှာ‬
➳နင့်ကို ချစ်တဲ့သူ
အယောက်တစ်ရာရှိရင်
အဲဒီထဲက
တစ်ယောက်က `ငါ´ပါ။
➳ နင့်ကို ချစ်တဲ့သူ
ဆယ်ယောက်တည်း ကျန်ခဲ့ရင်
အဲဒီထဲက
တစ်ယောက်က `ငါ´ပါ။
➳ နင်ကို ချစ်တဲ့သူ
တစ်ယောက်တည်းပဲ ကျန်ခဲ့ရင်
အဲဒီတစ်ယောက်က
`ငါ´ပါဟာ။
➳ နင့်ကို ချစ်တဲ့သူ
ဒီကမ္ဘာပေါ်မှာ
တစ်ယောက်မှ မရှိတော့ဘူးဆိုရင်
အဲဒီနေ့မှာ
`ငါ´သေသွားလို့ ဖြစ်မှာပါ။ ။

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``အရုဏ်ဦး ရဲ့ ကြယ်နီ´´
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့ လင်း
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ် ဘယ်မညှိုး
ရိုးသားဖြောင့်မတ် သူ့မူရာ
ငယ်စဉ်ကတည်းကပါ
ဗမာ့ပြည်သူ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ။
ဆရာတင်မိုး
(၁၀၁ နှစ်ပြည့် မွေးနေ့အား ဆရာတင်မိုးကဗျာဖြင့် ပူဇော်ပါသည်)

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``လူကလေးရဲ့ အမှတ်အသား´´
ဆွမ်းချက်ထစို့ လူလေးရယ်
နာရီကြည့်ပါ့ကွယ်
ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့ လိုပါဘူး။
သပြေသင်းတဲ့ သင်္ကြန်ချိန်
ကြည့်ပါ့ ပြက္ခဒိန်
ဝင်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့ လိုပါဘူး။
ဆရာမင်းသုဝဏ်

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ဟုတ်လား ?သူငယ်ချင်း

ဝမ်းနည်းခြင်းကို
ဖြတ်သန်းပြီး
အနာဂတ်ကို
ဖန်တီးနိုင်မယ်ဆိုရင်
ဖန်တီးချင်ပါတယ်။

ဒါပေမယ့်
ဝမ်းနည်းတာကြောင့်တော့
အနာဂတ်ကို
မဖန်တီးနိုင်ပါဘူး.................

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``ချစ်သားဆန္ဒ´´
- မေမေ့ဆံပင်၊ ဖီးကာသင်၍
မြဲပင်ထုံးဖွဲ့ပေးချင်၏။
- မေမေ့နဖူး၊ နံ့သာလူး၍
ကြည်နူးလှစေချင်ပါ၏။
- အိမ်ဦးခန်းမှာ၊ အေးချမ်းစွာနှင့်
သင်ဖျာ၊ မှီအုံး၊ လိုရာသုံး၍
ရွှင်ပြုံးနားခိုစေချင်၏။
- နွေမှာ ယပ်တောင်၊ ဆောင်းမှာ ဆောင်နှင့်
ခြင်ထောင်ဖွေးဖွေး၊ စိတ်အေးအေးသာ
တစ်ရေးအိပ်ပျော်စေချင်၏။
- ရေချမ်းတစ်အိုး၊ ယွန်းခွက်မိုးလျှက်
သီးမျိုးတစ်ရာ၊ ပြည့်စုံစွာနှင့်
ကွမ်းယာ၊ လက်ဖက်၊ လိုရာဆက်၍
နှစ်သက်ရွှင်မြူးစေချင်ပါ၏။
- ကြေးစည်ကို တီး၊ စိပ်ပုတီးနှင့်
ဆီးမီးတစ်တိုင်၊ ပန်းတစ်ခိုင်နှင့်
တိုင်တည်သစ္စာ၊ ပို့မေတ္တာနှင့်
ပြည်ရွာအပေါင်း၊ ငြိမ်းချမ်းကြောင်းကို
ဆုတောင်း တောင်းမြဲ တောင်းစေချင်။
ဆရာမောင်ကြော့ဦး
(မေလ ၁၉၆၅)
မိခင်အား သတိရခြင်းများစွာဖြင့်
ငြိမ်းချမ်းသူ

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
`` နံနက်ချိန် ´´
လူကလေးက စာအံရှာ
ကကြီး ခခွေးပါ။
ရောင်ခြည်ဖြာတဲ့ ရှင်နေမင်း
အရှေ့ဆီက ၀င်း။

ကြူ ကြူ သင်းတဲ့ ပန်းဝတ်လွှာ
တစ်ချပ် နှစ်ချပ်အာ။
တေးသံသာတဲ့ ကိုငှက်ကျား
ဝင်းတိုင်ထိပ်မှာ နား။
ဆရာမ နုယဉ်
(ပျော်ရွှင်စရာ နံနက်ခင်းလေး ဖြစ်ပါစေ)
Nyeinchan Thu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``သူရဲကောင်း အလိုရှိသည်´´
နေသူရိန်က ညမှာလင်း
ရွှေလမင်းက နေ့မှာသာ
လူတို့ရွာတွင်
ငိုပင်မြှိုက်ရှို့ ကိုယ့်လူတို့
ပျော်ပင်စိုက်စို့ ကိုယ့်လူတို့ ။
ဆရာ မောင်ပေါက်စည်
(တပို့တွဲလပြည့်နေ့ အမှတ်တရ)
NyeinchanThu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ကံကြမ္မာ သည် ထိုက်သူအတွက်သာ ဖြစ်သည်။
**********************************
အလက်ဇန္နားဂရေဟမ်ဘဲလ်သည် သူ၏ နားကောင်းကောင်း မကြားရသော ဇနီးသည် အတွက် နားကြားကိရိယာတစ်ခုကို တီထွင်ဖို့ အပြင်းအထန် ကြိုးစားနေပါသည်။ နားကြားကိရိယာတီထွင်မှုတွင် သူမအောင်မြင်ပါ။ သို့သော် နားကြားကိရိယာတီထွင်ရင်း တယ်လီဖုန်းဆက်သွယ်ရေးနည်းစနစ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုကဲ့သို့ တွေ့ရှိမှုမျိုးကို ကံကောင်းသည်ဟု ခေါ်ပါသလား ???
ကံကောင်းခြင်းဆိုသည်မှာ အခွင့်အလမ်း နှင့် ကြိုတင်ပြင်ဆင်မှုတို့ ဆုံဆည်းခြင်း ဖြစ်ပါသည်။ ကြိုးစားအားထုတ်မှု၊ ကြိုတင်ပြင်ဆင်မှုမရှိပဲ ကံကောင်းမှုသည် အလိုအလျောက် ဖြစ်ပေါ်မလာပါ။ ။

အောင်မြင်မှု ရဖို့အတွက် ယုံကြည်မှု အားမာန်အပြည့်ဖြင့် ကြိုးစားခဲ့ပါသည်။
သူ အောင်မြင်သောအခါ ကံကောင်းသည်ဟု သင် ယူဆပါသလား ??
NyeinchanThu
Credit➳ ဆရာဒေါက်တာသိန်းလွင်

``Best Friend´´
******************
သူငယ်ချင်း
ငါ ပြောစကား
သကာပျားလို
နားမချို ၍
ငိုချင်လည်း ငို။
ငို ရုံမက
လဲလို့သေလည်း
မြေပေါ့ သွားတာပေါ့
သူငယ်ချင်း။ ။
(စေတနာနဲ့ ပြောတဲ့စကားက မုသားစကားလောက်တော့ မချိုမြိန်ဘူးပေါ့။ဒါပေမယ့် သူငယ်ချင်း.... အခါးဓာတ်က ဆေးဖက်ဝင်ပါတယ်)
NyeinchanThu
Credit➳ Photo

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
အမှန်တရားကို
သိရဲ့သားနဲ့
ကြား , နေတယ်ဆိုတာ
တစ်နည်းအားဖြင့်
မတရားမှုကို
အားပေးတာနဲ့
အတူတူပဲ။
NyeinchanThu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``ပန်းသည်´´
မောင်လေးရယ် ထ ပါတော့
ရောင်နီ လာလှပေါ့။
တစ်ကျော့နှစ်ကျော့ တေးကိုသီ
ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။
ဆရာမင်းသုဝဏ်
(ပျော်ရွှင်စရာ နံနက်ခင်းလေးပါ၊ သူငယ်ချင်း အားလုံးပဲ။)
NyeinchanThu
Credit➳ Photo

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
**Best Friend**
*******************
ကလေးဘဝက
ပေါင်းသင်းခဲ့သည်ကို
မမေ့လျှင်
ရိုးသားစိတ်ဖြစ်သည်။

ဆင်းရဲဂုဏ်နိမ့်စဉ်အခါက
ပေါင်းသင်းခဲ့သည်ကို
မမေ့လျှင်
ကြင်နာစိတ် ဖြစ်သည်။
ကျင့်ဝတ်တရားအရ
ပေါင်းသင်းခဲ့သည်ကို
မမေ့လျှင်
သိက္ခာစိတ် ဖြစ်သည်။
(သူငယ်ချင်းများစွာအား သတိရစွာဖြင့်)
Nyeinchan thu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ဘဝတွင်
ပျော်ရွှင်ဖို့
အရာရာကို
ကျွှန်တော်
တောင့်တခဲ့ပါသည်။
သို့သော်
အရာရာကို
ခံစားနိုင်ဖို့
ကျွှန်တော်
ဘဝကို
ရရှိခဲ့ပါသည်။
Nyeinchan thu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
``မေမေ´´
**********
ဂုဏ်အင်မေတ္တာ နှိုင်းယှဉ်ကာပြိုင်
ဘယ်မှာနိုင်သူ ရှိမှာလဲ မေမေ။
ကိုးလတိုင်လွယ် ဆယ်လမယ် မွား
ရင်ဝယ်ထားလို့ ခွန်အားနို့ရည်
တိုက်တဲ့ မေမေ။
ရက် လ နှစ်ကုန်
အတောင်စုံတော့ အဖုံလောက
မမောရအောင် သင်ပြပညာ
ပေးတဲ့မေမေ။
သမီးသားလှ
ဘေးမခအောင်
နေ့ညမေတ္တာ
ပို့တဲ့မေမေ။
ဆံဖြူ သွားကြွေ
အားအင်ခွေလဲ
ကမ်းဝေမေတ္တာ
သတ္တ၀ါတွေ ကျန်းမာစေကြောင်း
ဆုတောင်းပေးတဲ့ မေမေ။
ခုတော့
သင်္ခါရ ဆို
ညနေညိုသို့
နုပျိုအဆင်း ရှောင်ခွာခြင်းဖြင့်
အိုမင်းဇရာ နှောင်ဖွဲ့ခဲ့ပြီ မေမေ။
ဇရာအိုလည်း နုပျိုဆဲပါ
တုနိုင်းမမှီ အမေအိုဆီသို့
မျှော်ရည်ဦးခိုက်
သား ကန်တော့လိုက်ပါတယ်
မေမေ....................
(မှတ်သားထားဖူးသော စာစုများမှ)
NyeinchanThu
29.02.16

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
အချစ်တွေက
အချစ်မှာသာ
သာတူညီမျှ
ထပ်တူကျခဲ့ရင်
အထီးကျန်ခြင်းတွေက
ဟိုးဝေးဝေးမှာ
ပုန်းနေလိမ့်မယ်။

အချစ်မှာ
စာနာနားလည်ခြင်းနဲ့
ကြင်နာယုယမှုတွေသာ
ပြည့်နေလို့ကတော့
မနက်ဖြန်တိုင်းဟာ
သာယာလှပနေလိမ့်မယ်။

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ကိုယ့်ဘဝ
အနိမ့်အမြင့်ဆိုတာ
ကိုယ့် အတွေးအမြင်နဲ့
ကိုယ်လုပ်နေတဲ့
လုပ်ရပ်ပေါ်မှာ မူတည်သည်။
(ဘ၀တွေ မြင့်မားတိုးတက်ကြပါစေ)
NyeinchanThu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
သူငယ်ချင်းတွေ
မမေ့ပါနဲ့
(ထာဝရ သူငယ်ချင်းပါ)
NyeinchanThu

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
သူငယ်ချင်း..,.,.
သူက မုန်းလည်း
အမုန်းမဖက် မေတ္တာလက်နဲ့
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
သူကငြိုငြင်
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
သူကရန်ရှာ
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျှက်နှင့် နှစ်ဖက်နှစ်ဝ
အေးချမ်းရအောင် လမ်းပြဆောင်ပါ။
မေတ္တာ သစ္စာ
အနစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သူငယ်ချင်းဘဝ အေးချမ်းရမယ်။
သူငယ်ချင်း......,
မာန်မာန ဘဝမြင့်နေတဲ့သူတွေကြားမှာ `နိမ့်အောင် နေ´
သတိဝီရိယ ပညာနိမ့်နေတဲ့သူတွေကြားမှာ
`မြင့်အောင် နေ´
လောဘ ဒေါသ မောဟနဲ့ ရှုပ်နေတဲ့သူတွေကြားမှာ
`ရှင်းအောင် နေ´
ကိလေသာအမှောင်ကျလို့ ကာမရမ္မက်တွေနဲ့ ပူလောင်နေတဲ့သူတွေကြားမှာ
`အေးအောင် နေ´
သူငယ်ချင်း
ကလေးဘဝက ပေါင်းသင်းခဲ့တာ မမေ့လျှင် ရိုးသားတဲ့စိတ်တဲ့။
ဆင်းရဲဂုဏ်နိမ့်စဉ်က ပေါင်းသင်းခဲ့တာ မမေ့လျှင် ကြင်နာတဲ့စိတ်တဲ့။
ကျင့်ဝတ်တရားအရ ပေါင်းသင်းခဲ့တာ မမေ့လျှင် သိက္ခာစိတ်တဲ့။
သူငယ်ချင်း မင်း အားလုံး ပြည့်စုံခဲ့တယ်။
ပြီးတော့ မင်းကို ကျေးဇူးတင်တယ်။့

မိမိတို့က မိမိတို့ကိုယ်ကို ခွင့်လွှတ်နိုင်တဲ့အခါ တခြားသူတွေကိုဝေဖန်အပြစ်တင်နေတာတွေ ရပ်ဆိုင်းသွားမယ်

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ဒီလိုပါ ညီမငယ်
********************
ကိုယ်တို့လူသားတွေက
အပြိုင်အဆိုင်တွေကြား
ခြေလှမ်းတွေမှားတယ်
မွန်းကြပ်မှုတွေကြား
အသက်ရှူမှားတယ်
နာကျင်မှုတွေကြား
အပြုအမူတွေ မှားတယ်
မျှော်လင့်ခြင်းတွေကြား
လမ်းတွေမှားတယ်
ငြင်းခုံမှုတွေကြား
စကားတွေမှားတယ်
လူတွေထဲကလူသား
အမှားတွေ များပြန်တယ်နော်
မှားတဲ့အခါပြင်
ရှေ့ကိုဆက်
ရှင်သန်တဲ့ ဘ၀တန်ဖိုးရှိဖို့က ကိုယ့်တာဝန်မဟုတ်လား။ ။

ဒီလိုပါ ညီမငယ်
*******************
ဘ၀ဆိုတာက ရသစုံတယ်
လူတွေက အကျင့်စရိုက်စုံတယ်
စကားလုံးတွေက အဓိပ္ပါယ်စုံတယ်
လုပ်ဆောင်ချက်တွေက ဦးတည်ချက်စုံတယ် ညီမငယ်
ကိုယ်ယုံကြည်ရာ မှန်တယ်ထင်ကြတဲ့လူတွေပါ
အပြစ်မမြင်နဲ့ ဒါဟာ သဘာဝ
မငြိုငြင်ပါနဲ့ ဒါဟာ ကြုံရမှာ
ဘာပဲဖြစ်ဖြစ် တစ်ချက်တော့ပြုံး
ကိုယ့်လုပ်ရပ်သာ အကောင်းဆုံးဖြစ်ပါစေပေါ့
တကယ်တော့ ညီမငယ်
လူတွေထဲက လူတစ်ယောက်
လူတွေနဲ့မကင်းနိုင်ဘူး
လူတွေအပြောနဲ့မလွတ်နိုင်ဘူး
ဒါပေမယ့် အသေအချာတွေးပါ
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပါ ညီမငယ်...
credit သူရိန်သော်တာ
(Happy Women Day အမှတ်တရ )
ငြိမ်းချမ်းသူ

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
It is no use saying ``We are doing the best´´. You have got to succeed in doing what is necessary.
``ငါတို့ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပဲ´´လို့ ပြောနေရုံတော့ ဘာမှ သုံးမရဘူး။ တကယ့်လိုအပ်ချက်ကို ဖြည့်စည်းရာမှာ အောင်မြင်ဖို့လိုတယ်။
NyeinchanThu