Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ကံကြမ္မာ သည် ထိုက်သူအတွက်သာ ဖြစ်သည်။
**********************************
အလက်ဇန္နားဂရေဟမ်ဘဲလ်သည် သူ၏ နားကောင်းကောင်း မကြားရသော ဇနီးသည် အတွက် နားကြားကိရိယာတစ်ခုကို တီထွင်ဖို့ အပြင်းအထန် ကြိုးစားနေပါသည်။ နားကြားကိရိယာတီထွင်မှုတွင် သူမအောင်မြင်ပါ။ သို့သော် နားကြားကိရိယာတီထွင်ရင်း တယ်လီဖုန်းဆက်သွယ်ရေးနည်းစနစ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုကဲ့သို့ တွေ့ရှိမှုမျိုးကို ကံကောင်းသည်ဟု ခေါ်ပါသလား ???
ကံကောင်းခြင်းဆိုသည်မှာ အခွင့်အလမ်း နှင့် ကြိုတင်ပြင်ဆင်မှုတို့ ဆုံဆည်းခြင်း ဖြစ်ပါသည်။ ကြိုးစားအားထုတ်မှု၊ ကြိုတင်ပြင်ဆင်မှုမရှိပဲ ကံကောင်းမှုသည် အလိုအလျောက် ဖြစ်ပေါ်မလာပါ။ ။

အောင်မြင်မှု ရဖို့အတွက် ယုံကြည်မှု အားမာန်အပြည့်ဖြင့် ကြိုးစားခဲ့ပါသည်။
သူ အောင်မြင်သောအခါ ကံကောင်းသည်ဟု သင် ယူဆပါသလား ??
NyeinchanThu
Credit➳ ဆရာဒေါက်တာသိန်းလွင်

No comments: