Wednesday, April 6, 2016

#‎ဒီကမ္ဘာကြီးထဲမှာ‬
➳နင့်ကို ချစ်တဲ့သူ
အယောက်တစ်ရာရှိရင်
အဲဒီထဲက
တစ်ယောက်က `ငါ´ပါ။
➳ နင့်ကို ချစ်တဲ့သူ
ဆယ်ယောက်တည်း ကျန်ခဲ့ရင်
အဲဒီထဲက
တစ်ယောက်က `ငါ´ပါ။
➳ နင်ကို ချစ်တဲ့သူ
တစ်ယောက်တည်းပဲ ကျန်ခဲ့ရင်
အဲဒီတစ်ယောက်က
`ငါ´ပါဟာ။
➳ နင့်ကို ချစ်တဲ့သူ
ဒီကမ္ဘာပေါ်မှာ
တစ်ယောက်မှ မရှိတော့ဘူးဆိုရင်
အဲဒီနေ့မှာ
`ငါ´သေသွားလို့ ဖြစ်မှာပါ။ ။

No comments: