Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
**ဘ၀ စာစုများ**
*ဘ၀ဆိုတာ လှေကားထစ်များလိုပါပဲ……. အောက်ခြေကနေ အပေါ်အမြင့်ဆုံးရောက်အောင် ပို့ပေးနိုင်သလို အမြင့်ကနေအောက်ဆုံးရောက်အောင်လည်း ပို့ပေးနိုင်ပါတယ်…… အရေးကြီးတာက ရွေးချယ်ရမဲ့ခြေလှမ်းပဲ ဖြစ်ပါတယ်……….
*စိတ်ကူးနဲ့ ရွှေနန်းတော်ဆောက်ရတာ လွယ်ပါတယ်….. တကယ်ဆောက်တော့မယ်ဆိုရင် အုတ်တစ်လုံးရအောင်ဖုတ်ဖို့တောင် မလွယ်လှပါဘူး…….
*အနာဂတ်ဆိုတာ……စိတ်ထဲမှာလျှက်တပြက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ထစ်ခုပါပဲ... အမှားအမှန် အဖြေအတွက်ကတော့ ဘ၀နဲ့ရင်းတန်ရင်းရပါတယ်………
*ချစ်သူအတွက် အသက်စွန့်ပါမယ်လို့ ပြောနေမဲ့အစား ချစ်သူအမှားအတွက် ဘယ်လောက် ခွင့်လွှတ်ပေးနိုင်မည်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်...........
*ကတိမတည် သစ္စာမရှိသောချစ်သူအတွက် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို မျက်ရည်အဖြစ် မပြောင်းလဲလိုက်ပါနဲ့……………………
*စစ်မှန်တဲ့အလှတရားဆိုတာ ကြည့်တတ်သူတွေမှသာ မြင်တွေ့နိုင်သလို ထိုက်တန်မှလည်း ရနိုင်ပါတယ်………………….
*အချိန်ကုန်တယ်ဆိုတာ..အချိန်က ကျွန်ုပ်တို့ကို ချန်ထားခဲ့တာမဟုတ်ဘူး. ကျွန်ုပ်တို့က သူ့ ကို ချန်ထားခဲ့ပြီး ရှေ့ ကို သွားနေတာပါ……….
*မုန်တိုင်းစဲသွားရင် လေပြည်လေနုလာသလို နာကျည်းမှုရဲ့ နောက်ကွယ်မှပေါ်ပေါက်လာတဲ့ နှစ်သက်ကြည်နူးမှုအရသာကလည်း ဘယ်အရာနဲ့မှမတူအောင် ချိုမြိန်လွန်းလှပါတယ်….
*လောကတွင် အသေချာဆုံးရင်းနှီးမြှပ်နှံမှုမှာ မိမိကိုယ်ကို အားကိုးခြင်းပင်ဖြစ်၏……..
*မိမိအနိုင်ရသောအချိန်တွင် မမေ့မလျှော့ကြည့်သင့်သောအရာမှာ ရှုံးနိမ့်သွားသူ၏ ခံစားချက်ပင် ဖြစ်၏…………..
*အောင်မြင်လိုသူတိုင်းအခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ကြရသည်…. ယင်းတို့မှာ မိမိ၏အရည်အသွေးကိုတောက်ပြောင်လာအောင်အရောင်တင်ပေးသော “မှတ်ကျောက်” များပင်ဖြစ်သည်…………
*အမှားတစ်ခုကိုကျူးလွန်ပြီးမှ နောင်တရခြင်းသည် မပြုလုပ်မီ ‘သတိ’ အနည်းငယ်ထားခြင်းလောက် တန်ဖိုးမရှိလှပေ…………
*စိတ်ဓာတ်ဆိုသည့် မမြင်ရသောစွမ်းအားသည် မြင်နေရသောကျောက်သား နံရံကိုပင် ထွင်းဖောက်နိုင်စွမ်း ရှိပေသည်……………
*ကျေးဇူးတရားကိုဆပ်ချင်သူတွေအတွက် သေးငယ်သော အရာကိုပင်ကြီးမားစွာ မြင်နိုင်သလို မဆပ်ချင်သူအတွက် အလွန်ကြီးမားသော အရာကိုပင် သေးငယ် စွာ မမြင်တတ်ကြပေ……
*အကောင်းဆုံးပြိုင်ဘက်ကိုရွေးချယ်တော့မည်ဆိုပါက တခြားသူကို ရွေးချယ်ခြင်းထက် မိမိ ကိုယ်ကို ရွေးချယ်ခြင်းသာအမှန်ကန်ဆုံးဖြစ်သည်………….
*အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဟူသည် သင့်အရည်အချင်းကို စမ်းသပ်သော မှတ်ကျောက်များသာ ဖြစ်ပေသည်………..
*ဆင်းရဲ ငတ်မွတ်ခြင်းနှင့်ရှုံးနိမ့်ခြင်း ဟူသည်…..ယင်းတို့အား ကောင်းစွာအသုံးချနိုင်ပါက သင်လျှောက်သောလမ်းတွင် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော ခွန်အားများဖြစ်စေ နိုင်ပါသည်…….
*မှန်သားပြင်ကဲ့သို့ သစ္စာရှိသောမိတ်ဆွေကို ရှာဖွေလိုပါက မှန်နောက်ဘက်မှ ပြဒါးကောင်း မကောင်းကို အရင်လေ့လာသင့်ပါသည်…………..
*တစ်ကြိမ်တည်းတော့သင်လိုချင်တာကိုမရနိုင်စေကာမူ အကြိမ်ကြိမ်ကြိုးစားလျှင်တော့ ရနိုင်မည့်နည်းလမ်းကို တွေ့မြင်နိုင်ပါတယ်…………
*ပွင့်လင်းမှုရှိသောသူသည် လောလောဆယ် အခက်အခဲတွေ့ နိုင်သော်လည်း နောက်ပိုင်း တွင် ပြဿနာကင်းစွာ နေရပေလိမ့်မည်…………
*ကိုယ့်လက်ထဲမှာရှိနေတဲ့ပစ္စည်း ဒါမှမဟုတ်….လူတစ်ယောက်ရဲ့ အရည်အချင်းကို သူမရှိတော့မှ ပိုပြီး သိနိုင်ပါတယ်………
*ဆင်းရဲနေခြင်းဟာဘ၀အောင်မြင်မှုအတွက် အတားအဆီး အဟန့်အတားမဖြစ်နိုင်ပါ… ထို့အတူအောင်မြင်မှု အတွက်လည်းတားဆီးပိတ်ပင်မှု မပြုနိုင်ပါ….ဆင်းရဲနေသည့် အတွက်ဘ၀ဆုံးရှုံး မှုလည်းမဖြစ်နိုင်ပါ….ကြိုးစားမှု မရှိသောစိတ်ဓာတ်မှသာ သင့်ဘ၀အတွက် အရာရာကိုဖျက်ဆီးနိုင်သာ ရန်သူ ဖြစ်ပါသည်……….
*ပြိုင်ဘက်ဆိုတာ မိမိရဲ့အရည်အသွေးတွေကို ပိုမိုတောက်ပြောင်လာအောင်ပွတ်တိုက်ပေးနေသူလို့ သဘောထားလိုက်ပါ…………….
*ဘ၀ဆိုတာအချိန်ပါပဲ…..အချိန်ကိုဖြုန်းတီးနေခြင်းဟာ ဘ၀ကိုဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ
*သင်ကလွဲပြီး ကျန်တဲ့သူတွေကိုကြည့်ရတာ အဆင်ပြေတယ်လို့ မထင်ပါနဲ့ ကျန်တဲ့သူတွေကလည်း သင်တွေးသလို တွေးနေကြတာပါပဲ…………..
Chat Conversation End
Tyဘ၀ စာစုများ.....
(ပျော်ရွှင်စရာ အားလပ်ရက်ကလေး ဖြစ်ပါစေ)
ငြိမ်းချမ်းသူ

No comments: