Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ဒီလိုပါ ညီမငယ်
********************
ကိုယ်တို့လူသားတွေက
အပြိုင်အဆိုင်တွေကြား
ခြေလှမ်းတွေမှားတယ်
မွန်းကြပ်မှုတွေကြား
အသက်ရှူမှားတယ်
နာကျင်မှုတွေကြား
အပြုအမူတွေ မှားတယ်
မျှော်လင့်ခြင်းတွေကြား
လမ်းတွေမှားတယ်
ငြင်းခုံမှုတွေကြား
စကားတွေမှားတယ်
လူတွေထဲကလူသား
အမှားတွေ များပြန်တယ်နော်
မှားတဲ့အခါပြင်
ရှေ့ကိုဆက်
ရှင်သန်တဲ့ ဘ၀တန်ဖိုးရှိဖို့က ကိုယ့်တာဝန်မဟုတ်လား။ ။

ဒီလိုပါ ညီမငယ်
*******************
ဘ၀ဆိုတာက ရသစုံတယ်
လူတွေက အကျင့်စရိုက်စုံတယ်
စကားလုံးတွေက အဓိပ္ပါယ်စုံတယ်
လုပ်ဆောင်ချက်တွေက ဦးတည်ချက်စုံတယ် ညီမငယ်
ကိုယ်ယုံကြည်ရာ မှန်တယ်ထင်ကြတဲ့လူတွေပါ
အပြစ်မမြင်နဲ့ ဒါဟာ သဘာဝ
မငြိုငြင်ပါနဲ့ ဒါဟာ ကြုံရမှာ
ဘာပဲဖြစ်ဖြစ် တစ်ချက်တော့ပြုံး
ကိုယ့်လုပ်ရပ်သာ အကောင်းဆုံးဖြစ်ပါစေပေါ့
တကယ်တော့ ညီမငယ်
လူတွေထဲက လူတစ်ယောက်
လူတွေနဲ့မကင်းနိုင်ဘူး
လူတွေအပြောနဲ့မလွတ်နိုင်ဘူး
ဒါပေမယ့် အသေအချာတွေးပါ
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပါ ညီမငယ်...
credit သူရိန်သော်တာ
(Happy Women Day အမှတ်တရ )
ငြိမ်းချမ်းသူ

No comments: