Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
**ငြိမ်းချမ်းရေး**
တနေ့နေ့မှာပေါ့
ယမ်းငွေ့တွေပျောက်
ငြိမ်းချမ်းခြင်းတွေ
ရောက်မှာပါ

တနေ့နေ့မှာပေါ့
စစ်တလင်းတွေအစား
စပါးခင်းတွေဖြစ်မှာပါ
တနေ့နေ့မှာပေါ့
ကျီးလန့်စာစား
ဘ၀များမှ
ငြိမ်းချမ်းလွတ်မြောက်နိုင်မှာပါ
တစ်နေ့နေ့မှာပေါ့
မိစုံဖစုံ ဆွေမျိုးစုံနှင့်
စုံစည်းပြုံးပျော်ရမှာပါ
တစ်နေ့နေ့မှာပေါ့
သေနက်သံအစား
ကျေးငှက်သံများ
သာယာနာပျော် ဖြစ်မှာပါ။
တစ်နေ့နေ့မှာပေါ့
ငြိမ်းချမ်းရေးငှက်
သံလွင်ခက်ကို
ကိုက်ချီယူ၍လာမှာပါ
တစ်နေ့နေ့မှာပေါ့
(လူသားတွှေ အားလုံး ငြိမ်းချမ်းနိုင်ပါစေ)
Credit သူရိန်သော်တာ
မေတ္တာဖြင့်
Nyeinchan Thu

No comments: