``မေမေ´´
**********
ဂုဏ်အင်မေတ္တာ နှိုင်းယှဉ်ကာပြိုင်
ဘယ်မှာနိုင်သူ ရှိမှာလဲ မေမေ။
**********
ဂုဏ်အင်မေတ္တာ နှိုင်းယှဉ်ကာပြိုင်
ဘယ်မှာနိုင်သူ ရှိမှာလဲ မေမေ။
ကိုးလတိုင်လွယ် ဆယ်လမယ် မွား
ရင်ဝယ်ထားလို့ ခွန်အားနို့ရည်
တိုက်တဲ့ မေမေ။
ရက် လ နှစ်ကုန်
အတောင်စုံတော့ အဖုံလောက
မမောရအောင် သင်ပြပညာ
ပေးတဲ့မေမေ။
သမီးသားလှ
ဘေးမခအောင်
နေ့ညမေတ္တာ
ပို့တဲ့မေမေ။
ဆံဖြူ သွားကြွေ
အားအင်ခွေလဲ
ကမ်းဝေမေတ္တာ
သတ္တ၀ါတွေ ကျန်းမာစေကြောင်း
ဆုတောင်းပေးတဲ့ မေမေ။
ခုတော့
သင်္ခါရ ဆို
ညနေညိုသို့
နုပျိုအဆင်း ရှောင်ခွာခြင်းဖြင့်
အိုမင်းဇရာ နှောင်ဖွဲ့ခဲ့ပြီ မေမေ။
ဇရာအိုလည်း နုပျိုဆဲပါ
တုနိုင်းမမှီ အမေအိုဆီသို့
မျှော်ရည်ဦးခိုက်
သား ကန်တော့လိုက်ပါတယ်
မေမေ....................
(မှတ်သားထားဖူးသော စာစုများမှ)
NyeinchanThu
29.02.16
ရင်ဝယ်ထားလို့ ခွန်အားနို့ရည်
တိုက်တဲ့ မေမေ။
ရက် လ နှစ်ကုန်
အတောင်စုံတော့ အဖုံလောက
မမောရအောင် သင်ပြပညာ
ပေးတဲ့မေမေ။
သမီးသားလှ
ဘေးမခအောင်
နေ့ညမေတ္တာ
ပို့တဲ့မေမေ။
ဆံဖြူ သွားကြွေ
အားအင်ခွေလဲ
ကမ်းဝေမေတ္တာ
သတ္တ၀ါတွေ ကျန်းမာစေကြောင်း
ဆုတောင်းပေးတဲ့ မေမေ။
ခုတော့
သင်္ခါရ ဆို
ညနေညိုသို့
နုပျိုအဆင်း ရှောင်ခွာခြင်းဖြင့်
အိုမင်းဇရာ နှောင်ဖွဲ့ခဲ့ပြီ မေမေ။
ဇရာအိုလည်း နုပျိုဆဲပါ
တုနိုင်းမမှီ အမေအိုဆီသို့
မျှော်ရည်ဦးခိုက်
သား ကန်တော့လိုက်ပါတယ်
မေမေ....................
(မှတ်သားထားဖူးသော စာစုများမှ)
NyeinchanThu
29.02.16
No comments:
Post a Comment