Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
ကမ္ဘာလောကကြီး တစ်နံတစ်လျားမှာ
ကံတရားတွေ ရွေ့လျားနေကြတယ်
အနေအထား အမျိုးမျိုး
တန်ဖိုးသတ်မှတ်ချက် အဖုံဖုံ
ပုံသဏ္ဍာန် အထူအပါး အစားစားနဲ့
လူသားတွေ ရွေ့လျားနေကြတယ်
အများတကာနဲ့ ရောနှောပြီး စီးရတဲ့
စက်လှေကားတစ်စီးရဲ့ ရွေ့လျားမှုထဲမှာလား
အနုပညာ ဆန်ဆန်
စိတ်ကူးတောင်ပံတွေ တပ်ဆင်ပြီး
အနာဂတ်မြင် မျက်လုံးကြီးနဲ့ ရွေ့လျားနေတာလား
ငါးမရရင်
ရေချိုးပြန်မယ့် ဥာဉ်နဲ့ ရွေ့လျားနေတာလား
ထီးဖြူလို့ ဖိနပ်ပါးမယ့်
အလကားရွေ့လျားမှုမျိုးလား
ရာစုသစ်ကို ချစ်တဲ့ လူသားတွေကတော့
မဖြစ်မနေ ရွေ့လျားနေကြတယ် ။

No comments: