``ချစ်သားဆန္ဒ´´
- မေမေ့ဆံပင်၊ ဖီးကာသင်၍
မြဲပင်ထုံးဖွဲ့ပေးချင်၏။
- မေမေ့ဆံပင်၊ ဖီးကာသင်၍
မြဲပင်ထုံးဖွဲ့ပေးချင်၏။
- မေမေ့နဖူး၊ နံ့သာလူး၍
ကြည်နူးလှစေချင်ပါ၏။
- အိမ်ဦးခန်းမှာ၊ အေးချမ်းစွာနှင့်
သင်ဖျာ၊ မှီအုံး၊ လိုရာသုံး၍
ရွှင်ပြုံးနားခိုစေချင်၏။
- နွေမှာ ယပ်တောင်၊ ဆောင်းမှာ ဆောင်နှင့်
ခြင်ထောင်ဖွေးဖွေး၊ စိတ်အေးအေးသာ
တစ်ရေးအိပ်ပျော်စေချင်၏။
- ရေချမ်းတစ်အိုး၊ ယွန်းခွက်မိုးလျှက်
သီးမျိုးတစ်ရာ၊ ပြည့်စုံစွာနှင့်
ကွမ်းယာ၊ လက်ဖက်၊ လိုရာဆက်၍
နှစ်သက်ရွှင်မြူးစေချင်ပါ၏။
- ကြေးစည်ကို တီး၊ စိပ်ပုတီးနှင့်
ဆီးမီးတစ်တိုင်၊ ပန်းတစ်ခိုင်နှင့်
တိုင်တည်သစ္စာ၊ ပို့မေတ္တာနှင့်
ပြည်ရွာအပေါင်း၊ ငြိမ်းချမ်းကြောင်းကို
ဆုတောင်း တောင်းမြဲ တောင်းစေချင်။
ဆရာမောင်ကြော့ဦး
(မေလ ၁၉၆၅)
မိခင်အား သတိရခြင်းများစွာဖြင့်
ငြိမ်းချမ်းသူ
ကြည်နူးလှစေချင်ပါ၏။
- အိမ်ဦးခန်းမှာ၊ အေးချမ်းစွာနှင့်
သင်ဖျာ၊ မှီအုံး၊ လိုရာသုံး၍
ရွှင်ပြုံးနားခိုစေချင်၏။
- နွေမှာ ယပ်တောင်၊ ဆောင်းမှာ ဆောင်နှင့်
ခြင်ထောင်ဖွေးဖွေး၊ စိတ်အေးအေးသာ
တစ်ရေးအိပ်ပျော်စေချင်၏။
- ရေချမ်းတစ်အိုး၊ ယွန်းခွက်မိုးလျှက်
သီးမျိုးတစ်ရာ၊ ပြည့်စုံစွာနှင့်
ကွမ်းယာ၊ လက်ဖက်၊ လိုရာဆက်၍
နှစ်သက်ရွှင်မြူးစေချင်ပါ၏။
- ကြေးစည်ကို တီး၊ စိပ်ပုတီးနှင့်
ဆီးမီးတစ်တိုင်၊ ပန်းတစ်ခိုင်နှင့်
တိုင်တည်သစ္စာ၊ ပို့မေတ္တာနှင့်
ပြည်ရွာအပေါင်း၊ ငြိမ်းချမ်းကြောင်းကို
ဆုတောင်း တောင်းမြဲ တောင်းစေချင်။
ဆရာမောင်ကြော့ဦး
(မေလ ၁၉၆၅)
မိခင်အား သတိရခြင်းများစွာဖြင့်
ငြိမ်းချမ်းသူ
No comments:
Post a Comment