သူငယ်ချင်း..,.,.
သူက မုန်းလည်း
အမုန်းမဖက် မေတ္တာလက်နဲ့
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
သူက မုန်းလည်း
အမုန်းမဖက် မေတ္တာလက်နဲ့
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
သူကငြိုငြင်
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
သူကရန်ရှာ
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျှက်နှင့် နှစ်ဖက်နှစ်ဝ
အေးချမ်းရအောင် လမ်းပြဆောင်ပါ။
မေတ္တာ သစ္စာ
အနစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သူငယ်ချင်းဘဝ အေးချမ်းရမယ်။
သူငယ်ချင်း......,
မာန်မာန ဘဝမြင့်နေတဲ့သူတွေကြားမှာ `နိမ့်အောင် နေ´
သတိဝီရိယ ပညာနိမ့်နေတဲ့သူတွေကြားမှာ
`မြင့်အောင် နေ´
လောဘ ဒေါသ မောဟနဲ့ ရှုပ်နေတဲ့သူတွေကြားမှာ
`ရှင်းအောင် နေ´
ကိလေသာအမှောင်ကျလို့ ကာမရမ္မက်တွေနဲ့ ပူလောင်နေတဲ့သူတွေကြားမှာ
`အေးအောင် နေ´
သူငယ်ချင်း
ကလေးဘဝက ပေါင်းသင်းခဲ့တာ မမေ့လျှင် ရိုးသားတဲ့စိတ်တဲ့။
ဆင်းရဲဂုဏ်နိမ့်စဉ်က ပေါင်းသင်းခဲ့တာ မမေ့လျှင် ကြင်နာတဲ့စိတ်တဲ့။
ကျင့်ဝတ်တရားအရ ပေါင်းသင်းခဲ့တာ မမေ့လျှင် သိက္ခာစိတ်တဲ့။
သူငယ်ချင်း မင်း အားလုံး ပြည့်စုံခဲ့တယ်။
ပြီးတော့ မင်းကို ကျေးဇူးတင်တယ်။့
်
မိမိတို့က မိမိတို့ကိုယ်ကို ခွင့်လွှတ်နိုင်တဲ့အခါ တခြားသူတွေကိုဝေဖန်အပြစ်တင်နေတာတွေ ရပ်ဆိုင်းသွားမယ်

No comments:
Post a Comment