Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
*****အိမ်ဝေးတစ်ယောက်ရဲ့ ဒဏ္ဍာရီ******
အိမ်နဲ့ဝေးတဲ့အရပ်
နွေးထွေးခြင်းဆိုတာ ဘယ်ရှိပါ့မလဲ
ကြယ်တွေရှိတဲ့အရပ်
ကိုယ့်အိမ်ရှိတယ်လို့
ထင်မှတ်တတ်တယ်
အတောင်ညောင်းလည်း ကိုယ်
လဲကျလည်း ကိုယ်
ဖျားနာလည်း ကိုယ်
မောပန်းလည်း ကိုယ်
ဒါဟာ အိမ်ဝေးငှက်ရဲ့ နေ့စဉ်မှတ်တမ်းတွေပါ
လေနှင်ရာ ဝဲလိုက်
လေဆန်ကို ပျံလိုက်
လေပြင်းတ်ုက်လည်း မာန်တင်းပြီး ပျံဆဲပါ
မုန်တိုင်းအမြဲမထန်ဘူး
သာယာတဲ့ရက်တွေရှိတယ်
လေပြင်းအမြဲမတိုက်ဘူး
လေညှင်းလည်းလာပါတယ်
ညအမြဲတမ်းမမှောင်ဘူး
လမင်းလည်းသာပါတယ်
နေအမြဲမပူပါဘူး
နေရိပ်ကိုလည်းတွေ့ပါတယ်
ကျေနပ်ပါတယ်
ကြိုးစား၍ပျံ ဒီအားမာန်တွေနဲ့
လောကဝတ္တရားတွေလွယ်ပိုးလျက်
ပျံသန်းဦးမည်
အသိုက်အမြုံဆီ-----
Credit သူရိန်သော်တာ
( အိမ် နှင့် ဝေးကွာနေသော ညီအကိုများဆီသို့)
မေတ္တာဖြင့်
Nyeinchan thu

No comments: