``အရုဏ်ဦး ရဲ့ ကြယ်နီ´´
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့ လင်း
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ် ဘယ်မညှိုး
ရိုးသားဖြောင့်မတ် သူ့မူရာ
ငယ်စဉ်ကတည်းကပါ
ဗမာ့ပြည်သူ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ။
ဆရာတင်မိုး
(၁၀၁ နှစ်ပြည့် မွေးနေ့အား ဆရာတင်မိုးကဗျာဖြင့် ပူဇော်ပါသည်)
သူခေါင်းဆောင်လို့ လင်း
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ် ဘယ်မညှိုး
ရိုးသားဖြောင့်မတ် သူ့မူရာ
ငယ်စဉ်ကတည်းကပါ
ဗမာ့ပြည်သူ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ။
ဆရာတင်မိုး
(၁၀၁ နှစ်ပြည့် မွေးနေ့အား ဆရာတင်မိုးကဗျာဖြင့် ပူဇော်ပါသည်)
No comments:
Post a Comment