Wednesday, April 6, 2016

Nyeinchan Thu to ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ
`` လွယ်ကူခြင်း နှင့် ခက်ခဲခြင်း´´
‪#‎လူတစ်ယောက်ရဲ‬. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို့ ခက်ခဲပါတယ်။
‪#‎သူများ‬ အမှား၊အပြစ် ကို ရှာ ဖို့ အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို့ ခက်ခဲပါတယ်။
‪#‎မစဉ်းစားပဲ‬ စကားလျှောက်ပြောဖို့ လွယ်ကူပါတယ်။
အမှားကင်းအောင် စကားပြောဖို့ ခက်ခဲပါတယ်။
‪#‎မိမိကို‬ ချစ်ခင်တဲ့လူကို စိတ်နာကျင်အောင်လုပ်ဖို့ လွယ်ကူပါတယ်။
ထိုစိတ်နာကျင်မှုကို ပြန်လည်ကုစားဖို့ ခက်ခဲလှပါတယ်။
‪#‎တစ်ပါးသူကို‬ မိမိက ခွင့်လွတ်ဖို့ လွယ်ကူပါတယ်။
တစ်ပါးသူကို မိမိအား ခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။
‪#‎စည်းကမ်း‬၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာဖို့ ခက်ခဲပါတယ်။
‪#‎အောင်နိုင်သူ‬ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့်သူ ဖြစ်ဖို့ ခက်ခဲပါတယ်။
‪#‎ကျောက်တုံး‬ နှင့် ခလုတ် တိုက်မိဖို့ လွယ်ကူပါတယ်။
ပြန်ထရတာ ခက်ခဲပါတယ်။
‪#‎နေ့တိုင်း‬ ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို့ ခက်ခဲပါတယ်။
‪#‎ဂတိ‬ တခု လွတ်ခနဲ ပေးဖို့ လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ်ဖို့ ခက်ခဲပါတယ်။
‪#‎ချစ်တယ်‬ လို့ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို့ ခက်ခဲပါတယ်။
‪#‎သူများကို‬ ဝေဖန်ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
‪#‎အမှားတခု‬ လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
‪#‎ပြီးဆုံးသွားတဲ့‬ အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို့က ခက်ခဲပါတယ်။
‪#‎တိုးတက်ကြီးပွားဖို့‬ စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ က ခက်ခဲပါတယ်။
‪#‎ချစ်သူငယ်ချင်းရေ‬ လို့ နူတ်က ပြောရတာလွယ်ပါတယ်။
ထိုကဲ့သို့ ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို့ ခက်ခဲပါတယ်...
(ပျော်ရွှင် ချမ်းမြေ့စရာ အားလပ်ရက် ဖြစ်ပါစေ)
NyeinchanThu

No comments: